

10,000 Ks
ငယ်စဉ်ကတည်းက ဘဝကို အားကိုးစရာမရှိဘဲ ရုန်းကန်လာခဲ့ရတဲ့ နော်ဆယ်လီ ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအကြောင်းကို အဓိကထားရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်အုပ်ပါ။
အသက်မွေးဝမ်းကျောင်းအတွက် အိမ်အကူ၊ ကလေးထိန်း စတဲ့အလုပ်တွေ လုပ်ကိုင်ရင်း လူတန်းစားအမျိုးမျိုးရဲ့ ဘဝနဲ့ လူတွေရဲ့ အတွင်းစိတ်သဘောထားတွေကို နော်ဆယ်လီတစ်ယောက်ပြီးတစ်ယောက် ကြုံတွေ့လာရပါတယ်။
ကိုယ်တိုင်က ဘယ်လောက်ရိုးသားကြိုးစားနေပါစေ ဘဝက မျှော်လင့်သလို မလွယ်ကူဘဲ အခက်အခဲတွေ ဆက်တိုက်ရင်ဆိုင်ရတဲ့အခါ သူမရဲ့ စိတ်ဓာတ်နဲ့ ဘဝကို ရင်ဆိုင်ပုံတွေကလည်း စာဖတ်သူကို ထိမိစေပါတယ်။
အိမ်ထောင်ရေးမှာလည်း ကိုယ့်ဘက်က တာဝန်ယူရင်း သားသမီးတွေအတွက် ရုန်းကန်ပေးခဲ့ရတဲ့ မိခင်တစ်ယောက်အဖြစ် နော်ဆယ်လီရဲ့ ဘဝကို တွေ့ရမှာဖြစ်ပြီး ခက်ခဲတဲ့အချိန်တိုင်း အနားမှာ ရပ်တည်ပေးခဲ့တဲ့
မိတ်ဆွေကောင်းတစ်ယောက်ရဲ့ တန်ဖိုးကိုလည်း ဒီဇာတ်လမ်းထဲမှာ ခံစားရမှာဖြစ်ပါတယ်။
အမျိုးသမီးတစ်ယောက်ရဲ့ ဘဝတစ်လျှောက် ရုန်းကန်ခဲ့ရမှု၊ မိသားစုအတွက် ပေးဆပ်မှုနဲ့ အနားယူချင်တဲ့အထိ ပင်ပန်းခဲ့ရတဲ့ စိတ်ခံစားချက်တွေကို နက်နက်ရှိုင်းရှိုင်း ဖတ်ရှုရမယ့် ဝတ္ထုလေးတစ်အုပ်ပါ။