

10,000 Ks
ခင်ပွန်းဖြစ်သူ ကိုထွန်း ကွယ်လွန်သွားပြီးနောက် မျိုးထွန်း၊ အောင်စိုး၊ ခင်ကြိုင်၊ အောင်တိုး၊ မိသက် အစရှိတဲ့ သားသမီး ၅ ယောက်ကို ဘဝအလှည့်အပြောင်းတွေကြားထဲ လူတန်းစေ့အောင် ပြုစုပျိုးထောင်ခဲ့ရတဲ့
မုဆိုးမမိခင်ကြီး "မမြအေး" ၏ ဘဝဖြတ်သန်းမှုကို ဒီစာအုပ်မှာ ဖတ်ရှုရမှာဖြစ်ပါတယ်။
မိခင်တစ်ယောက်ရဲ့ မေတ္တာ၊ အနစ်နာခံမှုတွေနဲ့အတူ သားသမီးတွေအပေါ် ထားရှိတဲ့ သံယောဇဉ်ကို ဆရာမကြီး မိုးမိုး(အင်းလျား) က လက်တွေ့ကျကျ ရေးသားထားတာ ဖြစ်ပြီး
မိခင်တစ်ဦးရဲ့ ရုန်းကန်မှုအပြင် သားသမီးအချင်းချင်းကြားမှ စရိုက်ပဋိပက္ခတွေနဲ့ လူမှုဘဝအခြေအနေတွေကိုပါ ရသစုံစုံလင်လင်နဲ့ ဖတ်ရမှာပါ။
"မိခင်" ဟူသည့် ဂုဏ်ပုဒ်ကို လေးနက်စေမယ့် စာအုပ်တစ်အုပ် လည်းဖြစ်ပါတယ်။