

7,000 Ks
ဖခင်ဖြစ်သူနဲ့ ညီမငယ်လေးတွေရဲ့ စားဝတ်နေရေး တာဝန်အားလုံးကို ပခုံးပေါ်ထမ်းတင်ထားရတဲ့ နွယ် ဟာ
မိသားစုအတွက် ငဲ့ညှာလွန်းတာကြောင့် ပင်လယ်ပြင်ခရီး လှိုင်းလေအန္တရာယ်ကြားထဲမှာ မှောင်ခိုကုန်သည်အလုပ်ကို လုပ်ကိုင်ခဲ့ရသလို၊
တစ်ခါတရံမှာလည်း ဝေဟင်လေကြောင်းခရီးကနေ ကုန်ပစ္စည်းတွေ သယ်ယူရောင်းချပြီး ငွေရှာခဲ့ရပါတယ်။
တာဝန်တွေကြားထဲမှာ နွယ် ဟာ မိမိရဲ့ အချစ်ကိုရော၊ မာနတွေကိုပါ စွန့်လွှတ်ခဲ့ရပြီး လောကကြီးရဲ့ မတရားမှုတွေ၊ ခက်ခဲကြမ်းတမ်းတဲ့ လူမှုဘဝရိုက်ခတ်မှုတွေကို
တစ်ယောက်တည်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။
ဘဝအကြပ်အတည်းတွေ ကြုံရချိန်မှာ ဘယ်သူကများ လာရောက်ကူညီမလဲလို့ မျှော်လင့်ရပေမဲ့ လက်တွေ့မှာတော့
မိမိကိုယ်တိုင်သာ အားကိုးရာဖြစ်ပြီး ရုန်းကန်ဖြတ်သန်းရတဲ့ ဘဝအခြေအနေတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။