

7,000 Ks
အကြောသေရောဂါကြောင့် ဘဝပေးကံမလှဘဲ စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ မသန်စွမ်းမိန်းကလေး ငြိမ်း ဟာ ကိုယ်ခန္ဓာမသန်စွမ်းပေမဲ့
စိတ်ဓာတ်ကြံ့ခိုင်သူ၊ အမှန်တရားကို မြတ်နိုးပြီး ဖောက်ပြန်မှုနဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို မနှစ်မြို့သူ ဖြစ်ပါတယ်။
သူမပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့ ကြောက်မက်ဖွယ်လောဘတွေ၊ အတ္တတွေကြားထဲမှာ ငြိမ်း ဟာ သူမကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဖေဖေနဲ့ မိသားစုအပေါ်
တာဝန်ကျေပြရင်း ခိုင်မာတဲ့စိတ်ဓာတ်နဲ့ အလှပဆုံး ရင်ဆိုင်ရှင်သန်သွားပါတယ်။
အဆင်မပြေမှုတွေနဲ့ ပြည့်နှက်နေတဲ့ လောကဇာတ်ခုံပေါ်မှာ ကိုယ်တိုင်ဝင်ရောက်မကပြနိုင်ဘဲ ဘေးကနေ ပွဲကြည့်ပရိသတ်တစ်ယောက်လို ထိုင်ကြည့်နေရတဲ့
ငြိမ်း ရဲ့ မြင်ကွင်းကနေတစ်ဆင့် လူတွေရဲ့ ဟန်ဆောင်မှုတွေနဲ့ ဖြစ်တတ်ပျက်တတ်တဲ့ လောကဓံသဘောတရားတွေကို ရိုးရိုးရှင်းရှင်းနဲ့ အရှိကိုအရှိအတိုင်း ပုံဖော်ရေးသားထားတယ့် ဝတ္ထု တစ်အုပ်ဖြစ်ပါတယ်။