

10,000 Ks
အချစ်တစ်ခုတည်းကိုပဲ အခြေခံပြီး မပြည့်စုံသေးဘဲ အိမ်ထောင်ပြုလိုက်သည့်အခါ ရင်ဆိုင်လာရသည့် စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး အကျပ်အတည်းများနှင့်အတူ တိုင်းပြည်၏ ပညာရေး၊ လူမှုဘဝပြဿနာများကိုပါ
ဆရာမကြီးက ဇာတ်ကောင်၏ အိမ်ထောင်ရေးတံခါးပေါက်မှတစ်ဆင့် ထိထိမိမိ ရေးသားပြထားတာဖြစ်ပါတယ်။
"ရန်ဖြစ်ပြီးမှ လမ်းခွဲရတာထက် ချစ်လျက်နဲ့ မလွှဲသာလို့ ခွဲခွာရတာက ပိုရင်နာဖို့ကောင်းတယ်" ဆိုတာကို ဇာတ်ကောင်နှင့်အတူ ထပ်တူကျကျ ခံစားရစေမည့် ဝတ္ထုတစ်အုပ်ပါ။
အိမ်ထောင်မပြုရသေးသည့် လူငယ်များ၊ ဆယ်ကျော်သက် သားသမီးရှိသည့် မိဘများနှင့် ဘဝအလှည့်အပြောင်းကို လက်တွေ့ကျကျ သင်ခန်းစာယူချင်သူများ လက်မလွှတ်တမ်း မဖြစ်မနေ ဖတ်ရှုသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။