

4,000 Ks
ကဗျာတွေ၊ သီချင်းတွေရေးပြီး အနုပညာလောကထဲမှာ လွတ်လွတ်လပ်လပ် စီးမျောရှင်သန်နေတဲ့ တေးရေးဆရာ ကိုဝေလွင်နဲ့
သူ့ကို စွဲလန်းနှစ်သက်တဲ့ ပရိသတ်မိန်းကလေး ဝတ်ရည်တို့ဟာ အခြေအနေချင်း မတူညီကြပေမဲ့ နှစ်ယောက်တစ်ဘဝ ပေါင်းစပ်ဖို့ ဖြစ်လာခဲ့ကြပါတယ်။
အရင်က ကိုဝေလွင်တစ်ယောက်တည်း လွတ်လပ်ခဲ့သမျှ ပေါင်းဖက်ပြီးချိန်မှာတော့ အိမ်ထောင်တစ်ခုရဲ့ ဝမ်းရေးနဲ့ ရုန်းကန်မှုတွေ စတင်လာပါတယ်။
အနုပညာကို ကိုယ်ကြိုက်မှ ကိုယ်လုပ်မယ်ဆိုတဲ့ ကိုဝေလွင်ဟာ နှစ်ယောက်စာ ရှာဖွေဖို့အတွက် ငွေရရာအလုပ်တွေကို ဖမ်းဆုပ်လုပ်ကိုင်ရင်း ခေတ်ပေါ်ဂီတရေစီးကြောင်းထဲမှာ
စိတ်တိုင်းမကျမှုတွေ၊ အိမ်ထောင်ရေးရဲ့ လက်တွေ့အခက်အခဲတွေကို ရင်ဆိုင်ရပါတယ်။
အနုပညာရှင်တစ်ယောက်ရဲ့ ထူးခြားဆန်းပြားတဲ့ စိတ်နေသဘောထားတွေ၊ အချစ်ရဲ့ ရိုက်ခတ်မှုဒဏ်နဲ့ လက်တွေ့ဘဝရဲ့ ရုန်းကန်ရမှုတွေကို ဆရာမကြီး မိုးမိုး(အင်းလျား) က
ရိုးရှင်းပြီး သဘာဝကျတဲ့ အရေးအသားမျိုးနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။