

10,000 Ks
မငွေမှုံရဲ့ဘဝကနေ စတင်ပြီး မသုဓမ္မစာရီနဲ့ မသိန်းမြတို့ရဲ့ ဘဝအဆက်ဆက်ကို ချိတ်ဆက်ရေးသားထားပါတယ်။
ဘဝမှာ တစ်ချိန်တည်းမှာပဲ အရာရာကို ကိုယ်လိုသလို ရွေးချယ်လို့မရတဲ့အခါ မိသားစုအတွက် ကိုယ်တိုင်ခံယူရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ၊
ဆုံးဖြတ်ချက်တချို့ရဲ့ နောက်ဆက်တွဲတွေကို တဖြည်းဖြည်းမြင်လာရပါတယ်။
ငယ်ရွယ်စဉ်က မရင့်ကျက်သေးတဲ့အတွေးနဲ့ ပြုမိခဲ့တဲ့အရာတွေက အသက်အရွယ်ရလာတဲ့အခါ နောင်တဖြစ်လာပုံ၊ အခက်အခဲတွေကြားမှာ
ကိုယ်တိုင်နာကျင်နေရပေမယ့် မိသားစုအတွက် ဆက်လက်ရပ်တည်ပေးရပုံတွေက စာအုပ်ရဲ့ အဓိကအရသာတစ်ခုပါ။
စာအုပ်လေးက သေးပေမယ့် လူ့ဘဝရဲ့ ပူလောင်မှုတွေ၊ ဆုံးဖြတ်ချက်တွေနဲ့ နောက်ဆုံးမှာ ရောက်ရှိလာတဲ့ ငြိမ်းချမ်းမှုကို ခံစားရစေပါတယ်။
အဆုံးသတ်ကို ရောက်တဲ့အခါ စိတ်ထဲမှာ တိတ်တိတ်လေးကျန်ခဲ့တဲ့ သံဝေဂတစ်ခုနဲ့ အေးချမ်းတဲ့ခံစားချက်တစ်ခုကို ရရှိစေတဲ့ စာအုပ်လေးပါ။