

9,000 Ks
ဆရာမကြီး မိုးမိုး(အင်းလျား) ၏ "ရွှေတိဂုံကိုမြင်လျှင်" ဝတ္ထုသည် မြို့ပြလူနေမှုစနစ်ကြားတွင် ရုန်းကန်လှုပ်ရှားနေရသည့် အိမ်ထောင်စုများ၊ ရုံးဝန်ထမ်းများ၏ ဘဝကြပ်တည်းမှုများနှင့် သောကဗျာပါဒများကို သဘာ၀ကျကျ မီးမောင်းထိုးပြထားသည့် ဝတ္တုတစ်အုပ် ဖြစ်ပါတယ်။
ဝတ္ထုထဲတွင် မြင့်မြင့်ထွန်းနှင့် ဦးဟန်တင်တို့ စုံတွဲ၏ အိမ်ထောင်ရေး အခြေအနေများ၊ စားဝတ်နေရေးအတွက် ဗျာများနေရသည့် မြို့ပြရုံးဝန်ထမ်း မိသားစုများ၏ ရုန်းကန်မှုများကို တွေ့မြင်ရမှာ ဖြစ်ပြီး
မအေးတင့်တို့လို အထည်ကြီးပျက် အိမ်ထောင်စုများ၏ အခြေအနေနှင့် ခင်ပပတို့လို မိန်းကလေးမျိုးတို့၏ ဘဝဖြတ်သန်းမှုပုံစံများကို လူ့သဘာဝနှင့်အညီ ပုံဖော်ထားပါတယ်။
ရန်ကုန်မြို့ပြကြီးတွင် သက်သောင့်သက်သာနှင့် နေရာတစ်နေရာစာ ရရှိဖို့ရန် မလွယ်ကူပုံ၊ လောကဓံ၏ ရိုက်ခတ်မှုဒဏ်များကြားမှာ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရန် ရုန်းကန်ရပုံများကို ရေးဖွဲ့ထားခြင်း ဖြစ်ပါတယ်။