13,000 Ks
စိတ်ဒဏ်ရာများဖြင့် ဘဝအဓိပ္ပာယ်ပျောက်ဆုံးနေသည့် စစ်ပြန်သက်တော်စောင့် ခရီစီနှင့် သူကာကွယ်ပေးရမည့် ဖြူစင်လှသော
ကလေးမလေး ပင်တာတို့ကြားမှ ရင်နင့်ဖွယ် သံယောဇဉ်နှောင်ကြိုးကို ဆရာကြီး တင်မောင်မြင့်က အက်ရှင်ရသအပြည့်ဖြင့်
ရင်သပ်ရှုမောဖွယ် ပုံဖော်ပေးထားသည်။ ကလေးငယ်၏ ဖြူစင်မှုအောက်တွင် လူသတ်လက်နက်တစ်ခုကဲ့သို့ အေးစက်လှသည့်
လူတစ်ယောက် နှလုံးသားနူးညံ့သွားပုံနှင့် ကလေးမလေး ပြန်ပေးဆွဲခံရပြီးနောက် သံယောဇဉ်အတွက် တစ်ကမ္ဘာလုံးကို ရန်သူလုပ်ကာ
သွေးဆူစရာ လက်စားချေသည့် အက်ရှင်ဇာတ်ကွက်များကို ရင်တဖိုဖိုဖြင့် စာမျက်နှာမလပ် စွဲမက်ဖွယ် ဖတ်ရှုရမည် ဖြစ်သည်။