4,500 Ks
"Marnie (မာနီ)" ဆိုတာနဲ့ ကမ္ဘာကျော် ဒါရိုက်တာ အဲဖရက်ဟစ်ပေါ့ခ် (Alfred Hitchcock) ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကို ပြေးမြင်ကြမှာပါ။ အခု ဒီဇာတ်လမ်းကို ဆရာကြီး တင်မောင်မြင့်ရဲ့ မြန်မာပြန်လက်ရာနဲ့ ဖတ်ရမှာဖြစ်လို့ ရသပိုင်းကတော့ အထူးပြောနေစရာမလိုအောင် ကောင်းပါတယ်။
ဇာတ်လမ်းအကျဉ်းလေးက...
ဇာတ်လိုက်ကျော် မာနီက ခန့်မှန်းရခက်ပြီး လိမ်လည်လှည့်ဖြားတတ်တဲ့ လျှို့ဝှက်ဆန်းကြယ် မိန်းကလေးတစ်ယောက်ပေါ့။ အတိတ်က ဒဏ်ရာတွေ၊ လျှို့ဝှက်ချက်တွေနဲ့အတူ ဘဝကို ဖြတ်သန်းနေတဲ့ သူမရဲ့အနားကို 'မတ်' ဆိုတဲ့ အမျိုးသားတစ်ယောက် ရောက်လာတဲ့အခါ... သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းနဲ့ ဘဝတိုက်ပွဲက ဘယ်လိုအလှည့်အပြောင်းတွေနဲ့ ဆက်သွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ဖတ်ရမှာပါ။
စိတ်ပညာဆန်းစစ်ချက်တွေ၊ သည်းထိတ်ရင်ဖို အကွေ့အကောက်တွေနဲ့ စာမျက်နှာတိုင်းမှာ ဆွဲခေါ်သွားမယ့် ဝတ္ထုကောင်းတစ်အုပ်မို့ စာချစ်သူတို့ လက်မလွှတ်တမ်း ဖတ်သင့်တဲ့ စာအုပ်လေးဖြစ်ပါတယ်။