5,000 Ks
အမေရိကန်စာပေလောကရဲ့ ဖခင်ကြီး မာခ်တွိန်း ရေးသားခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာ ရေပန်းအစားဆုံး ဖြစ်ခဲ့တဲ့ "The Adventures of Huckleberry Finn" ဂန္ထဝင်ဝတ္ထုကြီးကို ဆရာကြီးတင်မောင်မြင့်က ကလေးလူငယ်များအပြင် စာချစ်သူအားလုံး ဖတ်ရှုနိုင်စေဖို့ ရသစုံလင်စွာ ဘာသာပြန်ဆိုပေးထားပါတယ်။
ဒီစာအုပ်ထဲမှာတော့ စည်းကမ်းဘောင်တွေကြားထဲကနေ လွတ်လပ်မှုကို ရှာဖွေဖို့ အိမ်ကနေ ထွက်ပြေးလာတဲ့ 'ဟက်ကယ်ဖင်း' ဆိုတဲ့ လူဆိုးကောင်လေးနဲ့ သခင်ထံက ထွက်ပြေးလာတဲ့ လူမည်းကျွန် 'ဂျင်' တို့ရဲ့ မစ္စစ္စပီမြစ်ကြီးပေါ်က စိတ်လှုပ်ရှားစရာ စွန့်စားခန်းတွေကို ရင်သပ်ရှုမောဖွယ် ဖတ်ရှုရမှာ ဖြစ်ပါတယ်။ လူသားချင်းစာနာမှု၊ လွတ်လပ်မှုကို မြတ်နိုးမှုနဲ့ ထက်မြက်တဲ့ ဉာဏ်ပညာတွေကို ကလေးလူငယ်တွေရဲ့ အတွေးအမြင်ကနေတစ်ဆင့် ဟာသနှောပြီး ရေးဖွဲ့ထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။