12,000 Ks
ဥပဒေနောက်ခံ သည်းထိတ်ရင်ဖိုဝတ္ထု (Legal Thriller) တွေရဲ့ ဘုရင်ဖြစ်တဲ့ ကမ္ဘာကျော်စာရေးဆရာ ဂျွန်ဂရစ်ရှမ် (John Grisham) ရဲ့ "The Summons" ကို ဆရာကြီး တင်မောင်မြင့်က အဓိပ္ပာယ်ပေါ်လွင်ပြီး ဖတ်လို့အကောင်းဆုံးဖြစ်အောင် မြန်မာဘာသာပြန်ပေးထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။
ဗာဂျီးနီးယားတက္ကသိုလ် ဥပဒေဌာနက ပါမောက္ခ အင်န်ရေး အက်တလီဆီကို အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ သူ့ဖခင် တရားသူကြီးဟောင်းကြီးဆီကနေ အိမ်ပြန်လာဖို့ "သမ္မန်စာ" (ဆင့်ခေါ်စာ) တစ်စောင် ရောက်လာခဲ့တယ်။ ဖခင်ဖြစ်သူက ကင်ဆာဝေဒနာ ခံစားနေရလို့ အမွေကိစ္စတွေ စကားပြောဖို့ ပြန်ခေါ်တာပါ။ ဒါပေမဲ့ အင်န်ရေး အိမ်ကို ရောက်သွားတဲ့အချိန်မှာတော့ ဖခင်ကြီးက ဆိုဖာပေါ်မှာ ကွယ်လွန်နေ ရှာပါပြီ။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ အင်န်ရေးတစ်ယောက် ဖခင်ဖြစ်သူရဲ့ အခန်းထဲကို ရှာဖွေရင်းကနေ ဘယ်သူမှမသိတဲ့ လျှို့ဝှက်သေတ္တာတစ်လုံးကို တွေ့လိုက်ရတယ်။ အဲဒီသေတ္တာထဲမှာ မထင်မှတ်ထားဘဲ အမေရိကန်ဒေါ်လာ ၃ သန်းကျော် (ငွေသားတွေချည်းပဲ) အပြည့် ထည့်ထားတာကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရတဲ့အခါမှာတော့...
စာမျက်နှာ ၃၀၀ ကျော်လုံးကို လက်ကမချချင်လောက်အောင် ဥပဒေကွက်ကွက်ကွင်းကွင်းနဲ့ ဆွဲခေါ်သွားမယ့် ဇာတ်လမ်းမျိုးမို့ မဖတ်ရသေးရင် လက်မလွှတ်တမ်း ဝယ်ယူဖတ်ရှုသင့်ပါတယ်နော်။