

11,500 Ks
ဘဝမှာ အဆင်မပြေမှုတွေ၊ စိတ်ပူပန်မှုတွေ များလာတဲ့အခါ အရာအားလုံးထက် စိတ်အေးချမ်းမှုကိုပဲ ပိုလိုချင်လာတတ်ပါတယ်။
ဒါပေမယ့် အေးချမ်းတဲ့ဘဝကို ရဖို့အတွက် အပြင်ဘက်က အခြေအနေတွေ ပြောင်းလဲသွားဖို့ထက် ကိုယ့်ရဲ့စိတ်နဲ့
အတွေးတွေကို ပြန်လည်ပြုပြင်တတ်ဖို့က ပိုအရေးကြီးပါတယ်။
ဒီစာအုပ်လေးမှာတော့ စိတ်ပူလောင်စရာတွေကြားထဲမှာ ကိုယ့်စိတ်ကို မျှတအေးချမ်းအောင် ထိန်းသိမ်းတတ်ဖို့၊ အဆိုးမြင်အတွေးတွေကို လျှော့ချပြီး
ကောင်းမွန်တဲ့အတွေးတွေဘက်ကို ပြောင်းလဲတတ်ဖို့ အတွေးအမြင်လေးတွေကို မျှဝေပေးထားပါတယ်။
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမယ့်အစား နားလည်ပေးတတ်ဖို့၊ ကိုယ့်တန်ဖိုးကို ကိုယ်သိပြီး ချစ်ခင်လေးစားတတ်ဖို့နဲ့ ကိုယ်အေးချမ်းလာတဲ့အခါ
အနီးအနားကသူတွေဆီကိုပါ အေးချမ်းမှုတွေ ပြန်လည်မျှဝေပေးနိုင်ဖို့ သတိပေးထားတဲ့ စာအုပ်လေးပါ။
တစ်ခါတည်း အမြန်ဖတ်ပြီး ပြီးသွားစေမယ့်စာအုပ်မျိုးထက် တစ်နေ့တစ်ပုဒ်စီ ဖတ်ရင်း ကိုယ့်ဘဝနဲ့ ပြန်ချိန်ထိုးစဉ်းစားလို့ကောင်းတဲ့ စာအုပ်လေး ဖြစ်ပါတယ်။
စိတ်ပင်ပန်းနေတဲ့နေ့တွေမှာ ကိုယ့်စိတ်ကို ခဏရပ်နားပေးချင်သူတွေ၊ အတွေးတွေကို ပိုကောင်းတဲ့ဘက် ပြောင်းလဲချင်သူတွေအတွက် ဖတ်ကြည့်သင့်တဲ့ စာအုပ်လေးတစ်အုပ်ပါ။