

11,500 Ks
လူတစ်ယောက်ရဲ့ အပြောအဆိုနဲ့ အပြုအမူတွေထက် အဲ့ဒီအရာတွေရဲ့နောက်ကွယ်မှာရှိနေတဲ့ စိတ်ရင်းစေတနာ က ပိုပြီးအရေးကြီးတယ်ဆိုတဲ့
အတွေးကို အခြေခံထားတဲ့ စာအုပ်လေးပါ။
ဒီစာအုပ်မှာ ကိုယ်တွေးတဲ့အတွေး၊ ပြောတဲ့စကား၊ လုပ်တဲ့အလုပ်တိုင်းဟာ ကိုယ့်ရဲ့စိတ်ထားနဲ့ ဆက်စပ်နေကြောင်း၊ သူတစ်ပါးအပေါ် မကောင်းတဲ့စိတ်နဲ့
ပြုမူမိတဲ့အခါ အဲ့ဒီအကျိုးဆက်တွေက ကိုယ့်ဘဝထဲကိုလည်း တစ်နည်းနည်းနဲ့ ပြန်ရောက်လာနိုင်ကြောင်း ရှင်းပြထားပါတယ်။
အထူးသဖြင့် သူတစ်ပါးကို မဝေဖန်ခင် ကိုယ်သာ အဲ့ဒီစကားကို ခံရမယ်ဆိုရင် ဘယ်လိုခံစားရမလဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး ထားတတ်ဖို့ကိုလည်း အလေးထားပြောပြထားပါတယ်။
စိတ်ကောင်း၊ စေတနာကောင်းနဲ့ ပြုမူတတ်လာတဲ့အခါ ကိုယ့်စိတ်ကိုယ်လည်း ပိုပြီးပေါ့ပါးချမ်းမြေ့လာနိုင်ကြောင်း တွေးစရာလေးတွေ ရစေမှာပါ။
ပေးကမ်းခြင်း၊ ကူညီခြင်း၊ အလှူဒါနပြုခြင်းတွေမှာတောင် လုပ်ရုံသက်သက်ထက် ဘယ်လိုစိတ်ထားနဲ့ လုပ်ခဲ့သလဲ ဆိုတာက အရေးကြီးကြောင်းကိုလည်း စာအုပ်ထဲမှာ ထည့်သွင်းမျှဝေထားပါတယ်။
ကိုယ့်ရဲ့စိတ်ထားလေးကို ပြန်လည်ဆန်းစစ်ချင်သူ၊ နေ့စဉ်ဘဝမှာ အကောင်းမြင်စိတ်နဲ့ ကိုယ်ချင်းစာနာစိတ်တွေ ပိုထားတတ်ချင်သူတွေအတွက် ဖတ်ရင်းနဲ့ ကိုယ့်အတွေး၊
ကိုယ့်စကား၊ ကိုယ့်အပြုအမူတွေကို ပြန်ကြည့်မိစေမယ့် စာအုပ်လေး တစ်အုပ်ပါ။