

11,000 Ks
ဘဝမှာ ကိုယ်တန်ဖိုးထားခဲ့ရတဲ့ လူတစ်ယောက်ကို လက်လွှတ်လိုက်ရတာပဲဖြစ်ဖြစ်၊ ကိုယ်မျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခု ဆုံးရှုံးသွားတာပဲဖြစ်ဖြစ်
အစပိုင်းမှာတော့ အရာအားလုံးဆုံးရှုံးသွားသလို ခံစားရတတ်ပါတယ်။
ဒါပေမယ့် “ပိုကောင်းဖို့ဖြစ်တာပါ” ဆိုတဲ့ စာအုပ်လေးကတော့ ဆုံးရှုံးမှုတိုင်းကို အဆုံးသတ်တစ်ခုလို့ မမြင်ဘဲ ပိုကောင်းတဲ့အရာတွေအတွက် နေရာတစ်ခု ဖန်တီးပေးလိုက်တာ
လို့ ပြန်လည်မြင်တတ်အောင် အတွေးလေးတွေ မျှဝေပေးထားပါတယ်။
အချစ်ရေးမှာ ကိုယ်ချစ်ရတဲ့သူနဲ့ လမ်းခွဲလိုက်ရတာ၊ ခင်မင်ရသူတစ်ယောက်နဲ့ ရေစက်ကုန်သွားတာတွေကြောင့် နာကျင်ရတဲ့အချိန်တွေ ရှိနိုင်ပါတယ်။ အဲ့ဒီအချိန်မှာ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမယ့်အစား
မသင့်တော်တော့တဲ့အရာတွေကို လက်လွှတ်နိုင်မှ ကိုယ့်ဘဝထဲကို ပိုသင့်တော်တဲ့အရာတွေ ဝင်လာနိုင်တယ် ဆိုတဲ့ အမြင်မျိုးနဲ့ ဖြတ်သန်းဖို့ စာအုပ်က လမ်းညွှန်ပေးထားပါတယ်။
အခွင့်အရေးတစ်ခု လွဲချော်သွားတာ၊ အလုပ်တစ်ခု မရလိုက်တာမျိုးတွေမှာလည်း အဲ့ဒါဟာ ကိုယ့်ဘဝရဲ့ အဆုံးသတ်မဟုတ်ဘဲ ကိုယ့်အတွက် ပိုကောင်းတဲ့လမ်းတစ်ခုဆီ ဦးတည်သွားဖို့ ဖြစ်နိုင်တယ် ဆိုတဲ့ အတွေးကို ရစေမှာပါ။
ကိုယ်ဘက်ကတော့ စိတ်ကောင်းစေတနာကောင်းနဲ့ မှန်မှန်ကန်ကန် ကြိုးစားနေဖို့ပဲလိုပြီး၊ ကိုယ့်ဘဝထဲက ထွက်ခွာသွားတဲ့လူတွေ၊ လွဲချော်သွားတဲ့အရာတွေအပေါ် အမြဲတမ်း ဆုပ်ကိုင်ထားမနေဘဲ
အချိန်တန်ရင် လက်လွှတ်တတ်ဖို့လည်း သတိပေးထားပါတယ်။
ဆုံးရှုံးခဲ့တာကိုပဲ ပြန်တွေးပြီး ဝမ်းနည်းနေသူတွေ၊ အခွင့်အရေးတစ်ခုလွဲသွားလို့ စိတ်ဓာတ်ကျနေသူတွေအတွက် “တစ်ခါတလေ ဆုံးရှုံးခြင်းဟာ ဆုံးရှုံးတာမဟုတ်ဘဲ ပိုကောင်းတဲ့အရာတစ်ခုအတွက် လမ်းဖယ်ပေးလိုက်တာ ဖြစ်နိုင်တယ်”
ဆိုတဲ့ အားပေးမှုကို ပေးနိုင်မယ့် စာအုပ်လေး ဖြစ်ပါတယ်။