

11,000 Ks
လူတိုင်းရဲ့ဘဝမှာ “အဲ့ဒီတုန်းက ဒီလိုမလုပ်ခဲ့ရင်ကောင်းမယ်”၊ “ဒီစကားကို မပြောခဲ့ရင်ကောင်းမယ်” ဆိုပြီး ပြန်တွေးမိတဲ့အချိန်တွေ ရှိတတ်ပါတယ်။
အတိတ်ကို ပြန်ပြင်လို့မရတော့ပေမယ့် အဲ့ဒီအဖြစ်အပျက်တွေကို ထပ်ခါထပ်ခါ ပြန်တွေးရင်း ကိုယ့်စိတ်ကိုယ် ပိုပြီးပင်ပန်းအောင် လုပ်မိတတ်ကြပါတယ်။
“နောင်တရဲ့ အဝေးမှာ” စာအုပ်လေးကတော့ အတိတ်က အမှားတွေကြောင့် နောင်တနဲ့ပဲ ရပ်တန့်မနေဘဲ အဲ့ဒီအတွေ့အကြုံတွေကနေ သင်ခန်းစာယူပြီး ရှေ့ဆက်နိုင်ဖို့
အတွေးအမြင်လေးတွေ မျှဝေပေးထားတဲ့ စာအုပ်လေးပါ။
မပြောသင့်တဲ့စကားကို ပြောမိတာ၊ မလုပ်သင့်တာကို လုပ်မိတာ၊ လုပ်သင့်တာကို မလုပ်ခဲ့မိတာတွေအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်နေမယ့်အစား အမှားကို လက်ခံတတ်ဖို့၊
သတိထားတတ်ဖို့နဲ့ နောင်တဖြစ်စေမယ့် အပြုအမူတွေကို နောက်တစ်ကြိမ် မထပ်မိအောင် ကိုယ့်စိတ်ကို စောင့်ကြည့်တတ်ဖို့ သတိပေးထားပါတယ်။
အတိတ်ကို ပြန်သွားပြီး ပြင်ဆင်လို့မရပေမယ့် အတိတ်ကပေးခဲ့တဲ့ သင်ခန်းစာနဲ့အတူ ဒီနေ့ကစပြီး ကိုယ့်ရဲ့ရွေးချယ်မှုတွေကို ပိုကောင်းအောင် ပြောင်းလဲနိုင်တယ် ဆိုတဲ့
အားပေးမှုကို ရစေမယ့် စာအုပ်လေးတစ်အုပ်ပါ။
နောင်တတွေကြောင့် စိတ်ထဲမှာ မကြာခဏပြန်တွေးပြီး ပင်ပန်းနေတတ်သူတွေ၊ အတိတ်ကို လွှတ်ချပြီး ပိုကောင်းတဲ့နေ့ရက်တွေဆီ ဆက်လျှောက်ချင်သူတွေအတွက်
ဖတ်ကြည့်သင့်တဲ့ စာအုပ်လေးပါ။