7,000 Ks
ဘာသာပြန်စာအုပ်အများအပြားရေးသားတဲ့ ဆရာ တင်မောင်မြင့် ကိုယ်တိုင် ရေးထားတဲ့ ပင်ကိုယ်ရေး ဝတ္ထုတိုတွေနဲ့ ဆောင်းပါးတွေကို စုစည်းပြီး ထုတ်ထားတာဖြစ်တယ်။ ဆရာ့ရဲ့ ဝတ္ထုတိုတွေထဲမှာဆိုရင် လူ့စရိုက်လူ့သဘာဝကို သဘာဝကျကျ ပီပီပြင်ပြင် ရေးပြထားသလို ခေတ်ပြိုင်ဝဒေနာတွေကိုလည်း ဖော်ကျူးထားတာ တွေ့ရမယ်။ ပြီးတော့ ဆရာ့ရဲ့ ဘာသာပြန်စာအုပ်တွေအတွက် ရေးခဲ့တဲ့ အမှာစာတွေကိုလည်း ပြန်လည်ဖတ်ရှုရဦးမှာမို့ သုတရော ရသပါ တစ်ခါတည်း ခံစားရမယ့် စာအုပ်ကောင်းလေး တစ်အုပ်ပါ။