

9,000 Ks
"အချစ်ဆိုတာ ကဗျာပဲ၊ ကဗျာတွေက နားလည်ဖို့ မလွယ်ဘူး။
တချိုအချစ်တွေကလည်း ဒီလိုပဲ နားလည်ဖို့ မလွယ်ဘူး။
ဒါပေမယ့် စိတ်ထဲမှာတော့ ခံစားနိုင်နေတယ်။
ကိုယ်တို့ ဒိုင်ယာရီလေးကို အတူတူဖတ်မယ်။
ကိုယ်တို့အိမ်မက်ကို အတူတူမက်မယ်။
ရာသီဉတုတွေဘယ်လိုပြောင်းပြာင်း မိုးအတူ ဆောင်းအတူ နွေအတူတူ ထီးဆောင်းကြမယ်။
ြပီးတော့ ကံကြမ္မာတွေကို အတူတူခံစားကြမယ်။
ချစ်သူနဲ့အတူ မိုးလင်းရတာ ပျော်စရာ ကောင်းသလို....
ချစ်သူနဲ့အတူ မိုးချုပ်ရတာလည်း ကြည်နူးစရာကောင်းပါတယ်။
အချစ်စောင့်နတ်မင်းကြီးရှိရင် မေးချင်ပါတယ်။
အချစ်ဆိုတာဘာလဲ။
အချစ်ဆိုတာ ချစ်ချင်လို့ကို ချစ်တာ။
အချစ်မှာအကြောင်းြပချက်မရှိဘူး။
တစ်စုံတစ်ယောက်ကို ချစ်နေမိတဲ့အခါ
သူဘာြဖစ်ဖြစ်ချစ်နေမိမှာပဲ။
အချစ်ဆိုတာ ပေါင်းစည်းမှုပဲ။
နှစ်ဦးပေါင်းစည်းမယ့်အချစ်ဆိုတာကတော့ နားလည်မှုပဲ။
မင်းလက်ထဲမှာ ကိုယ့်အသက်ကတည်တာပါ။
ကိုယ့်နှလုံးသားမှာလည်း ဖယောင်းတိုင်ထွန်းထားပါတယ်။"