

11,000 Ks
ဒီစာအုပ်ဟာ စာဖတ်သူကို အချိန်စက်ဝန်းနောက်ဆုတ်ပြီး ငယ်ဘဝဆီ ချက်ချင်းပြန်ခေါ်ဆောင်သွားနိုင်တဲ့ မှော်ဆန်တဲ့ စာအုပ်မျိုးပါ။
စာမျက်နှာတွေကို လှန်လှောရင်း ကျိုက်ထီးရိုးတောင်ပေါ်က ကင်ပွန်းစခန်း၊ ရေမြောင်ကြီး၊ ရင်ပြင်တော်က New Year ဆီမီးညတွေနဲ့အတူ သိပ်ကို လွတ်လပ်ပေါ့ပါးခဲ့တဲ့
လူငယ်ဘဝ ပုံရိပ်တွေကို တရေးရေး ပြန်မြင်ယောင်လာစေပါတယ်။
(၁၁) နှစ်ကျော် ကြာပြီးမှ ဒုတိယအကြိမ် ပြန်လည်ထွက်ရှိလာတာဖြစ်လို့ စာရေးသူရဲ့ အနုပညာအပေါ် ထားရှိခဲ့တဲ့ အဖြူထည် ရိုးသားမှုနဲ့ လတ်ဆတ်မှုကို အပြည့်အဝ ခံစားရမှာပါ။
စာသားတစ်လုံးချင်းစီက ပြုပြင်မှုမပါဘဲ အတိတ်က လူငယ်တွေရဲ့ အချစ်နဲ့ ခေတ်ပြိုင်မှတ်တမ်းကို ပီပြင်စွာ ထိန်းသိမ်းထားပါတယ်။ စာရေးသူနဲ့အတူ သက်တမ်းရင့်လာကြတဲ့ ရောင်းရင်းတွေအတွက်တော့
ဖတ်နေရင်း ဂစ်တာကောက်ကိုင်ပြီး သီချင်းအော်ဆိုချင်လောက်အောင် (၁၀) နှစ်လောက် ပြန်ငယ်သွားစေမယ့် လွမ်းမောဖွယ် အမှတ်တရစာအုပ်ကောင်း ဖြစ်ပါတယ်။