32,000 Ks
ဒီစာအုပ်လေးဟာ အသက် ၃ နှစ်မှ ၅ နှစ်နှင့်အထက် (Age 3-5+) ရင်သွေးငယ်များအတွက် အထူးသင့်လျော်ပြီး၊ စာမျက်နှာတစ်ခုချင်းစီ လှန်လိုက်တိုင်းမှာ စကြဝဠာရဲ့ အလှတရားတွေကို သုံးဖက်မြင် 3D ရုပ်ကြွ (Pop-up) Design တွေနဲ့ အံ့ဩစရာကောင်းအောင် ဖန်တီးထားတာ ဖြစ်ပါတယ်。 လကမ္ဘာပေါ်မှာ လမ်းလျှောက်တာ၊ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (ISS) သို့ သွားရောက်တာ၊ အင်္ဂါဂြိုဟ်မျက်နှာပြင်နဲ့ နေအဖွဲ့အစည်းက ဂြိုဟ်တွေကို ပုံရိပ်အစစ်တွေလို ကြွတက်လာတဲ့ ပုံစံမျိုးစုံနဲ့ လေ့လာနိုင်မှာပါ။
ကလေးငယ်တွေရဲ့ အသက်အရွယ်နဲ့ ကိုက်ညီမယ့် ရိုးရှင်းလွယ်ကူတဲ့ အင်္ဂလိပ်စာသားတိုလေးတွေ ပါဝင်လို့ အာကာသအကြောင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ အလွယ်တကူ မှတ်မိစေပါတယ်။
စာမျက်နှာပေါ်ကနေ ကြွတက်လာတဲ့ ဒုံးပျံနဲ့ ဂြိုဟ်ပတ်လမ်းပုံစံတွေက ကလေးငယ်တွေကို ကိုယ်တိုင် အာကာသယာဉ်မှူးလေးဖြစ်သွားသလိုမျိုး စိတ်ကူးဉာဏ် ကွန့်မြူးစေပါတယ်။
အရောင်အသွေး စုံလင်လှပတဲ့ ရုပ်ကြွဒီဇိုင်းတွေက ကလေးတွေရဲ့ အမြင်အာရုံကို ဆွဲဆောင်နိုင်ပြီး စာအုပ်ကို ကိုင်တွယ်လှန်လှောရင်း Sensory Development (အာရုံခံစားမှု ဖွံ့ဖြိုးတိုးတက်ခြင်း) ကို ကူညီပေးပါတယ်။
စာအုပ်မှာ ပါဝင်တဲ့ QR Code လေးကို Scan ဖတ်ရုံနဲ့ စာအုပ်ဖတ်ပြတဲ့ အသံထွက် (Audio) ကိုပါ နားထောင်နိုင်လို့ Listening Skill အတွက်ပါ အထောက်အကူပြုပါတယ်။
ခိုင်ခံ့ပြီး အရည်အသွေးမြင့်တဲ့ ကတ်ထူစာအုပ် (Board book) အမျိုးအစားဖြစ်လို့ ကလေးငယ်တွေ ထပ်ခါတလဲလဲ ဖတ်ရှုဖို့ အကောင်းဆုံးဖြစ်ပြီး၊ တန်ဖိုးရှိတဲ့ အသိပညာလက်ဆောင်တစ်ခုအဖြစ် မိဘတို့အတွက် အထူးညွှန်းဆိုပေးလိုက်ရပါတယ်ရှင်။