32,000 Ks
ဒီစာအုပ်လေးဟာ စာမျက်နှာတစ်ခုချင်းစီကို လှန်လိုက်တိုင်းမှာ ခရစ္စမတ်ရဲ့ အလှပဆုံး ပုံရိပ်တွေကို သုံးဖက်မြင် ရုပ်ကြွ Design တွေနဲ့ အသက်ဝင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဆီးနှင်းတွေဖုံးနေတဲ့ မြို့ပြအလှ၊ လှပလွန်းတဲ့ ခရစ္စမတ်သစ်ပင်ကြီးနဲ့ ကလေးတို့အကြိုက် စန်တာကလော့စ်အဘိုးအိုတို့ဟာ စာမျက်နှာပေါ်ကနေ ကြွတက်လာမှာမို့ ရင်သွေးငယ်တွေရဲ့ စိတ်ကူးစိတ်သန်းကို ပိုမိုဆန်းသစ်စေမှာ သေချာပါတယ်။
စာအုပ်ထဲမှာ ပါဝင်တဲ့ စာသားလေးတွေကလည်း ရိုးရှင်းလွယ်ကူတာမို့ ကလေးငယ်တွေရဲ့ အင်္ဂလိပ်စာ ဖတ်ရှုခြင်းစွမ်းရည်ကို တိုးတက်စေတဲ့အပြင်၊ စာဖတ်ခြင်းကို ပိုမိုမြတ်နိုးလာအောင် ဆွဲဆောင်နိုင်ပါတယ်။ ကလေးငယ်တွေတင်မကဘဲ မိသားစုအလိုက် အတူတူကြည့်ရင်း ပျော်ရွှင်စရာ ခရစ္စမတ်အချိန်လေးကို ဖြတ်သန်းနိုင်ဖို့ အကောင်းဆုံး စာအုပ်လေးတစ်အုပ်ပါ။
ဒီနှစ် ခရစ္စမတ်အတွက် အကောင်းဆုံးနဲ့ အနှစ်သာရအရှိဆုံး လက်ဆောင်တစ်ခုအဖြစ် ရွေးချယ်နိုင်ဖို့ မိဘတို့အတွက် အထူးညွှန်းဆိုပေးလိုက်ရပါတယ်ရှင်