
13,000 Ks
"ကျွန်မကို တစ်ချက်မှပြန်လှည့်မကြည့်ဘဲ ထွက်သွားတဲ့ကိုကြီးရဲ့ နောက်ကျောကို လှမ်းငေးရင်း...
မျက်ရည်တောင် ရစ်ဝဲလာမိတယ်။
ကိုကြီး ကျွန်မကို လူရာမသွင်းဘူး...
ကျွန်မက ကိုကြီး သနားလို့ ကယ်တင်ထားတဲ့ သူ့ဆင်းရဲမလေးတစ်ယောက်ပဲ...
ကိုကြီးရင်ထဲမှာ ကျွန်မ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး...
ကျွန်မက ကိုကြီးအတွက်...
ကိုကြီးတို့အဖွဲ့ လာလာလှူတိုင်း တောမှာလက်ပြကျန်ရစ်တဲ့ ကလေးတွေထဲက တစ်ယောက်ပါပဲ။"