1,500 Ks
စာရေးဆရာမ ဂျူး ရေးသားထားသော "အောက်ခြေသန်းတစ်ထောင်" စာအုပ်သည် အောက်စဖို့ဒ်တက္ကသိုလ်မှ ကမ္ဘာကျော် ဘောဂဗေဒပညာရှင် ပေါလ်ကိုလီယာ (Paul Collier) ၏ "The Bottom Billion" စာအုပ်ပါ အချက်အလက်များကို အခြေခံ၍ ကိုယ်ပိုင်အတွေးအမြင်၊ မြန်မာနိုင်ငံ၏ လူမှုစီးပွားအခြေအနေများနှင့် ယှဉ်တွဲသုံးသပ် တင်ပြထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
ကမ္ဘာပေါ်ရှိ လူဦးရေ သန်းတစ်ထောင်ခန့်သည် အဘယ်ကြောင့် ဆင်းရဲနွမ်းပါးမှု သံသရာထဲမှ မလွတ်မြောက်နိုင်ဘဲ နောက်ကျကျန်ရစ်နေရသနည်းဟူသော အကြောင်းရင်းကို ပြည်တွင်းပဋိပက္ခ ထောင်ချောက်၊ သဘာဝသယံဇာတ ကျိန်စာထောင်ချောက်၊ အိမ်နီးချင်းဆိုးများနှင့် ကုန်းတွင်းပိတ်နိုင်ငံဖြစ်မှု ထောင်ချောက်၊ စီမံအုပ်ချုပ်မှု ညံ့ဖျင်းခြင်း ထောင်ချောက် ဟူ၍ အချက် (၄) ချက်ဖြင့် ရှင်းလင်းတင်ပြထားပါသည်။
စာရေးသူ၏ ကိုယ်တွေ့ဖြတ်သန်းမှု အတွေ့အကြုံများနှင့်အတူ သယံဇာတ ပေါကြွယ်ဝပါလျက် ဆင်းရဲတွင်းနက်နေရသည့် နိုင်ငံများ၏ အခြေအနေကို သာမန်စာဖတ်သူများပါ နားလည်လွယ်စေမည့် အရေးအသားဖြင့် ဆွေးနွေးတင်ပြထားပါသည်။