4,000 Ks
ဆရာမ ထက်ထက်တင်ဇာ ရေးသားထားတဲ့ "စာသင်ခန်းထဲက လူစွမ်းကောင်းလေးများ" စာအုပ်လေးကတော့ ကျောင်းသားလူငယ်လေးတွေရဲ့နေ့စဉ်ဘဝမှာ တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာလေးတွေကို အခြေခံပြီး ရေးထားတဲ့ ကလေးနဲ့လူငယ်ဖတ် စာအုပ်ကောင်းလေး တစ်အုပ်ပါ။
ဒီစာအုပ်ထဲမှာ ကလေးတွေအတွက် ရဲစွမ်းသတ္တိရှိဖို့၊ ဇွဲလုံ့လရှိဖို့၊ ကိုယ်ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဉာဏ်နဲ့ယှဉ်ပြီး ဖြေရှင်းတတ်ဖို့နဲ့ သူတစ်ပါးနဲ့ မိတ်ဆွေဖွဲ့ရာမှာ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရရှိလာမယ့်အကြောင်း ဇာတ်လမ်းလေးတွေနဲ့ စုစည်းတင်ပြထားပါတယ်။
ကလေးငယ်တွေနဲ့ လူငယ်တွေ ကိုယ်တိုင်လည်း ဖတ်ရှုသင့်သလို၊ မိဘတွေနဲ့ ဆရာ/ဆရာမတွေကလည်း ကလေးတွေကို လူရည်မွန်လေးတွေ ဖြစ်လာအောင် ပြုစုပျိုးထောင်ရာမှာ လက်စွဲအနေနဲ့ ဖတ်ရှုသင့်တဲ့ စာအုပ်လေးပါ။