6,500 Ks
ပျော်ရွှင်မှုတွေကို တကယ်တမ်း ဘယ်သူ့ဆီမှာမှ သွားပြီး သိမ်းဆည်းစုဆောင်းထားလို့ မရဘူးဆိုတာ သိရဲ့လား။
ဒါပေမဲ့ ဒီစုဘူးလေးကတော့ နည်းနည်းထူးခြားတယ်။ ရွှေတွေ၊ ငွေတွေ မပါဝင်တဲ့ သာမန်စုဘူးလေးတစ်လုံး ဖြစ်ပေမယ့် အဝါရောင်က ကိုယ်စားပြုတဲ့ နွေးထွေးမှု၊ အလင်းရောင်နဲ့ ပျော်ရွှင်စရာ ခံစားချက်တွေကို ဒီစာအုပ်လေးထဲမှာ ဖြည့်သိမ်းပေးထားတယ်။
နေ့စဉ်ဘဝရဲ့ ပင်ပန်းမှုတွေ၊ ခက်ခဲတဲ့ရက်တွေ၊ တစ်ခါတလေ မျှော်လင့်ချက်တွေ မှေးမှိန်ချင်လာတဲ့ အချိန်မျိုးတွေမှာ... ဒီစာအုပ်လေးက သင့်ကို ပြုံးမိစေဖို့၊ ဘဝကို မျှော်လင့်ချက် မမဲ့သွားဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာဖို့ ဖွင့်ပြောပြမယ့် သတိပေးစကားလေးတွေနဲ့ ပြည့်နှက်နေပါတယ်။
ဘဝရဲ့ လက်လွှတ်ခဲ့ရတဲ့ အရာတွေ၊ မေ့ပျောက်နေတတ်တဲ့ အမှတ်တမဲ့ ပျော်ရွှင်မှုလေးတွေ၊ ပင်ပန်းတဲ့အခါ ရင်ထဲက ခံစားချက်တွေကို ဟန်မဆောင်ဘဲ ရိုးရိုးသားသား လက်ခံပေးဖို့ လိုအပ်ကြောင်းကို ချစ်တဲ့စိတ်လေးတွေနဲ့ သေချာ ရေးဖွဲ့ပေးထားတာမို့ ဒီနေ့ ကိုယ့်အတွက် နွေးထွေးတဲ့ အားပေးမှုလေးတစ်ခုခု လိုအပ်နေတယ်ဆိုရင် "အဝါရောင် စုဘူးထဲမှာ ပျော်ရွှင်ခြင်းတွေ ရှိတယ်" စာအုပ်လေးရှိပါတယ်။

မီးခိုးရောင်နေ့စွဲများ

ချစ်ခြင်းမေတ္တာအုတ်မြစ်များ

ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်

ခွင့်လွှတ်ခြင်းဖြင့် လွတ်မြောက်ခြင်း

အနုပညာကို ဖွဲ့ဆိုကြရာဝယ် ရုပ်ရှင်၊ သဘင်၊ ပန်းချီနှင့် ဂီတ

ကလေးများအတွက် ရင်းနှီးမြှုပ်နှံခြင်း (မွေးကင်းစမှ ငါးနှစ်အထိ)

မတူထူးခြား ကိုရီးယား ရိုးရာပုံပြင်များ

ဂျောက်ဂျက် - ဂျောက်ဂျက်နဲ့ အနီးတဝိုက် … သာသာယာယာ ရှိမည်