
10,000 Ks
မြန်မာစာလက်ထောက်ကထိက ဆရာမလေး “ကေသီ” မှာ ဘဝလက်တွဲဖော်အဖြစ် စေ့စပ်ကြောင်းလမ်းပြီးသား ဆရာ “ဦးရန်နိုင်” ရှိနေခဲ့ပေမယ့်...
ပုဂံမြေခရီးစဉ်မှာ ဧည့်လမ်းညွှန် “ကိုမိုးဝေ” နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ပြီး ရင်ခုန်သံချင်း ထပ်တူကျသွားခဲ့ပြီးတယ့်နောက်….
နှလုံးသားရဲ့ စေခိုင်းရာ အချစ်စစ်ကိုပဲ သတ္တိရှိရှိ ရွေးချယ်မလား...
ဒါမှမဟုတ် စေ့စပ်ထားတဲ့သူနဲ့ပဲ လက်တွေ့ဘဝထဲ အဆင်ပြေပြေ လျှောက်လှမ်းသွားမလား...
အဆင့်အတန်း ကွာခြားလွန်းတဲ့ သူတို့နှစ်ယောက်ကြားထဲက ရွေးချယ်မှုတွေက ဘာဖြစ်မလဲ...
ကိုယ့်ကိုချစ်တဲ့သူနဲ့ ကိုယ်ကချစ်တဲ့သူကြား၊ လက်တွေ့ဘဝနဲ့ နှလုံးသားကြားထဲမှာ လူသားတွေဟာ ဘယ်အရာကို အလေးသာပြီး ဦးစားပေး ဆုံးဖြတ်တတ်ကြလဲဆိုတာကို
ရသမြောက်မြောက် ဖတ်ရှုရမှာဖြစ်ပါတယ်။