
14,000 Ks
“ယောက်ျား တစ်ယောက်က မိန်းမ တစ်ယောက်ကို ချစ်တယ်ဆိုတာ...
အဲ့ဒီမိန်းမနဲ့ ပတ်သက်သမျှ အရာရာဟာ သူ တစ်ဦးတည်း စိုးမိုး ပိုင်ဆိုင်လိုခြင်းပဲ ဖြစ်ပါတယ်။
သူ ချစ်တဲ့ မိန်းမ သူတစ်ယောက်တည်းအပေါ် စွဲလမ်းတမ်းတအောင် သူ ဘယ်လိုဆွဲဆောင် ကြိုးစားရမလဲဆိုတဲ့
လောဘနဲ့ အတ္တဟာ ယောက်ျားတစ်ယောက်ရဲ့အချစ် ဖြစ်ပါတယ်။
ဒါပေမဲ့ မိန်းမ တစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်ပြီဆိုတဲ့အခါ မိန်းမရဲ့ ဘဝဟာ ယောက်ျားရဲ့ဘဝထဲကို အလိုအလျောက် စီးဝင်သွားရတယ်။
ကိုယ် ချစ်တဲ့သူကို ကိုယ် ဘာတွေ ပေးနိုင်မလဲဆိုတဲ့ မျှော်လင့်ချက်ဟာ မိန်းမတိုင်းမှာ ရှိနေပါတယ်။
ဒါဟာ မိန်းမရဲ့ ဗီဇစိတ်သာ ဖြစ်တယ်။ စွန့်လွှတ် အနစ်နာခံမှု လည်း မဟုတ်ဘူး။ ဒါဟာ အလိုအလျောက် ဖြစ်ပေါ်တဲ့ အချစ်စိတ်ပဲ။
ဒါကို မြင်ကြည့်တတ်ဖို့ ကိုယ် မပြောလိုပါဘူး။ ဖြစ်ခြင်း ဖြစ်ရင် ဒါဟာ မိုက်မဲမှုသာ ဖြစ်ပါလိမ့်မယ်။”