
9,000 Ks
လောကကြီးမှာ သူမ မရှိရင်မဖြစ်ဘူးလို့ အများကသတ်မှတ်ရလောက်အောင်အထိ
ထူးချွန်ထက်မြက်လွန်းတဲ့ မာနခဲမလေး “Essential Moe” (မရှိမဖြစ် မိုး) နဲ့...
ထိုကဲ့သို့ ထက်မြက်လွန်းတဲ့ အမျိုးသမီးတစ်ဦးကိုမှ သံယောဇဉ်တွယ်မိသွားတဲ့ “ဦးမင်းထင်ကျော်”
မာနတံတိုင်းတွေ ခြားနေတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းက ... ပေါင်းစပ်ခွင့်ရပါ့မလား...
ဇာတ်သိမ်းမှာ ပျော်ရွှင်ခြင်းတွေနဲ့ လှပမလား၊ ဒါမှမဟုတ် နာကျင်ခြင်းမျက်ရည်တွေနဲ့ပဲ အဆုံးသတ်မလားဆိုတာ
ရင်တဖိုဖိုနဲ့ ဖတ်ရှုရမယ့် ဆရာမဂျူးရဲ့ နာမည်ကြီးလုံးချင်းဝတ္ထုကောင်း ဖြစ်ပါတယ်။
ဒီစာအုပ်ရဲ့ ထူးခြားချက်က အချစ်တင်မကဘဲ
ဘုတလင်မြို့နယ်က ‘တွင်းတောင်’ ရဲ့ သဘာဝအလှအပနဲ့ စပီရူလိုင်းနား (Spirulina) ထုတ်လုပ်ပုံတွေကိုပါ
ခရီးသွားဆောင်းပါးတစ်ပုဒ်လို အသေးစိတ် ရေးဖွဲ့ထားတာမို့...
ဖတ်ပြီးရင် ကိုယ်တိုင်တောင် တွင်းတောင်ကို ချက်ချင်း ခရီးထွက်ချင်စိတ် ပေါက်သွားစေမှာ အသေအချာပါပဲ။