
10,000 Ks
“အချစ်မသိတဲ့လူက
မနက်ဖြန် လက်ထပ်ဦးမလို့တဲ့”
ဆရာမ ဂျူးရဲ့ ထူးခြားတဲ့ ဆေးပညာနောက်ခံ လုံးချင်းဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။
ဇာတ်အိမ်ထဲက အမျိုးသမီးငါးယောက်နဲ့ အမျိုးသားလေးယောက်ဖြစ်တဲ့ ဇာတ်ကောင်တစ်ဦးချင်းစီမှာ ကိုယ်ပိုင်ဘဝဇာတ်ကြောင်းနဲ့ အတိမ်အနက်တွေ အသီးသီး ရှိကြပါတယ်။
သူတို့ရဲ့ ဘဝအခက်အခဲတွေ၊ ထင်မှတ်မထားတဲ့ ကံကြမ္မာအပြောင်းအလဲတွေကြားက ကြိုးစားအားထုတ်မှုနဲ့ ပညာလိုလားစိတ်တွေကို သေချာလေး ပုံဖော်ထားလို့ ဖတ်ရှုရသူကို စိတ်ခွန်အား ရရှိစေပါတယ်။
ဆေးပညာပိုင်းဆိုင်ရာ အချက်အလက်တွေကို အသေးစိတ် ထည့်သွင်းထားသလို၊ အလုပ်ထဲမှာပဲ နစ်မြုပ်မနေဘဲ ကိုယ်ပိုင်ဘဝနဲ့ အလုပ်ကို မျှမျှတတ ဖြတ်သန်းဖို့ လိုအပ်ပုံကိုလည်း
သေချာလေး မြင်သာအောင် ရေးသားထားပါတယ်။
တစ်ဖက်မှာလည်း ဇာတ်ကောင်အမျိုးသမီးတွေရဲ့ ငယ်ဘဝစိတ်ဒဏ်ရာတွေဟာ ကြီးပြင်းလာတဲ့အထိ စိတ်ထဲ စွဲမြဲတည်ရှိနေပုံတွေနဲ့အတူ လက်တွေ့လူ့အဖွဲ့အစည်းထဲက
အတ္တသမားတွေရဲ့ ရာဂစိတ်အမှောင်ထုတွေကိုလည်း ထင်ဟပ်ဖော်ပြထားပါတယ်။
ဆေးကျောင်းပထမနှစ် ဘဝကနေသည် အိမ်ထောင်သည်ဘဝ၊ ထိုမှတစ်ဆင့် ငယ်ဘဝအတိတ်လွှမ်းမိုးမှုတွေဆီ... အတိတ်နဲ့ လက်ရှိကို မျှတအောင် ရေးဖွဲ့ထားပြီး၊
ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ စိတ်နေစိတ်ထားကို အနုစိတ် ခံစားမိစေမှာဖြစ်ပါတယ်။