15,000 Ks
စာရေးဆရာမ စံပယ်ဖြူနုက Jhumpa Lahiri ၏ "Hell-Heaven" ဝတ္ထုတိုကို ကျောရိုးယူ၍ မြန်မာ့လူမှုပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် လှပစွာ ဖန်တီးပုံဖော်ထားသော ရသဝတ္ထုရှည်တစ်ပုဒ် ဖြစ်ပါသည်။
သမီးဖြစ်သူ "လင်းမြရည်လွင်" ၏ ရှုထောင့်မှတစ်ဆင့် မိခင်ဖြစ်သူ "လင်း" နှင့် ငယ်စဉ်က ရင်းနှီးခဲ့ရသော "ဦးညီ" တို့ကြားက သံယောဇဉ်၊ ဖွင့်ဟမပြောဖြစ်ခဲ့သော ခံစားချက်များနှင့် အချိန်ကာလအလိုက် ပြောင်းလဲသွားတတ်သော လူ့သဘောသဘာဝများကို သိမ်မွေ့နက်ရှိုင်းစွာ ဖတ်ရှုရမည် ဖြစ်ပါသည်။ အတိတ်က အမှတ်တရများနှင့် ကံ့ကော်ပန်းရနံ့တို့ကို လွမ်းဆွတ်တသစေမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။