
6,000 Ks
“ကြိုးတစ်ချောင်းဟာ ဖြတ်သင့်တဲ့ အချိန်ရောက်ရင် ဖြတ်ကို ဖြတ်ရပါတယ်…
မဖြတ်ဘဲ လွှတ်မချဘဲ ဆက်ပြီး ဆုပ်ကိုင်ထားနေတဲ့အခါ အဲ့ဒီ ကြိုးကပဲ ကိုယ့်ကို နာကျင်မှုတွေပေးနေမှာဖြစ်ပါတယ်။”
ကိုယ့်လမ်းကိုယ်ဖောက်ပြီး မိမိကိုယ်ကိုယ်အားကိုးကာ အမှီအခိုကင်းစွာ ရပ်တည်နိုင်စွမ်းရှိတဲ့ “စုစုထွေး” နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နူးညံ့မှု၊
မှီခိုအားကိုးမှု၊ လေးစားမှုတို့ကို လိုချင်တဲ့ “မောင်”...
သူတို့နှစ်ဦးရဲ့ အချစ်နဲ့ လက်တွေ့ဘဝကြားက အတ္တလွန်ဆွဲပွဲကို တွေ့မြင်ရမှာဖြစ်ပါတယ်။
တစ်ဦးလိုအပ်တာကို တစ်ဦးဖြည့်ဆည်းနိုင်စွမ်းရှိပါမှ... အချစ်နဲ့ အိမ်ထောင်ရေးကို ဟန်ချက်ညီညီ တည်ဆောက်နိုင်မှာလားဆိုတာကို
စဉ်းစားစရာတွေနဲ့အတူ အဖြေရှာကြည့်ရမှာပါ။
ဆေးတက္ကသိုလ်နဲ့ ဆေးလောကကို နောက်ခံထားရေးဖွဲ့ထားတာကြောင့် ဆေးပညာဆိုင်ရာ ဗဟုသုတတွေအပြင် ရသရော သုတပါ စုံစုံလင်လင် ရရှိစေမယ့်
စာအုပ်ကောင်းလေးဖြစ်ပါတယ်။