6,500 Ks
စာမေးပွဲတွေမှာ ကျောင်းသား၊ ကျောင်းသူအများစု ဓမ္မဓိဋ္ဌာန်မေးခွန်းတွေမှာ အမှတ်လျော့ကြတာ များပါတယ်။ ဓမ္မဓိဋ္ဌာန်မေးခွန်းတွေက စာမေးပွဲမှာ တစ်ပုဒ်ကို ၁ မှတ်ပဲ တန်တဲ့အတွက် အချိန်ကုန်သက်သာစွာနဲ့ မြန်မြန်နဲ့ အဖြေမှန်မှန် ရအောင် တွက်ချက်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ၁ မှတ်ပဲ တန်တဲ့ ပုစ္ဆာလေးတွေ စုပေါင်းများပြားလာတဲ့အခါ တစ်ခုမှားတိုင်း အမှတ်အများကြီး လျော့သွားနိုင်တာမို့ ကြိုတင်ပြီး သေသေချာချာ လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။
ဒီ PMP (Practice Makes Perfect) စာအုပ်တိုက်ထုတ် Grade 6 သင်္ချာ ဓမ္မဓိဋ္ဌာန်စာအုပ်လေးကတော့ ၁ မှတ်တန် မေးခွန်းတွေမှာ အမှတ်လုံးဝ မလျော့စေဖို့ အကောင်းဆုံး အထောက်အကူပြုပေးမယ့် လေ့ကျင့်ခန်းစာအုပ်ကောင်း တစ်အုပ်ပဲ ဖြစ်ပါတယ်။