

6,500 Ks
ငယ်ဘဝက ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ အနိုင်ကျင့်ခံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေက လူတစ်ယောက်ရဲ့ဘဝကို
ဘယ်လိုအကျိုးသက်ရောက်စေနိုင်သလဲဆိုတာကို လျှို့ဝှက်သည်းဖိုဇာတ်လမ်းတွေနဲ့ ပေါင်းစပ်ရေးသားထားပါတယ်။
ဒီစာအုပ်မှာ Horror Fiction ဇာတ်လမ်း ၅ ပုဒ် ပါဝင်ပြီး ဇာတ်လမ်းတစ်ပုဒ်ချင်းစီမှာ အမှုအခင်းတွေရဲ့ နောက်ကွယ်က
အကြောင်းရင်းကို စာဖတ်သူကိုယ်တိုင် လိုက်လံတွေးတောရစေပါတယ်။
ဇာတ်လမ်းတွေကို ဖတ်ရင်း ကိုယ်ထင်ထားတဲ့အတိုင်းမဖြစ်ဘဲ အဆုံးမှာ အဖြေက တစ်မျိုးပြောင်းသွားတဲ့
အလှည့်အပြောင်းတွေကြောင့် ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။
Horror နဲ့ Thriller အရသာကို နှစ်သက်ပြီး ဇာတ်သိမ်းခါနီးအထိ ဘာဖြစ်မလဲဆိုတာ မခန့်မှန်းနိုင်တဲ့ ဇာတ်လမ်းမျိုးကို
ကြိုက်သူတွေအတွက် ဖတ်ကြည့်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။