7,000 Ks
၁၉၆၀ ပြည့်နှစ်များရဲ့ ရန်ကုန်မြို့ပြဘဝကို နောက်ခံထားပြီး ငွေကြေးနဲ့ လောင်းကစားက
လူတစ်ယောက်ရဲ့ ဘဝ၊ ဂုဏ်သိက္ခာနဲ့ ဆက်ဆံရေးတွေကို ဘယ်လိုပြောင်းလဲစေနိုင်သလဲဆိုတာ
ရေးဖွဲ့ထားတဲ့ ဝတ္ထုရှည်လေးပါ။
လောင်းကစားစွဲလမ်းမှုနဲ့ ရုန်းကန်နေရတဲ့ ဒေါ်မြတ်လေးသွယ်၊ အဲဒီအခြေအနေထဲမှာ ကိုယ့်ဘဝကို
ထိန်းသိမ်းဖို့ ကြိုးစားရင်း ပျောက်ကွယ်သွားတဲ့ ဦးဇေယျာ (မင်းထင်စည်) နဲ့ မိသားစုအခက်အခဲတွေကြား
တူမဖြစ်သူကို စောင့်ရှောက်ရင်း ရှင်သန်နေတဲ့ ဒေါ်ဘရဏီ တို့ရဲ့ ဘဝတွေ ဆုံစည်းလာပါတယ်။
လူ့လောကရဲ့ လောဘ၊ အားနည်းချက်နဲ့ တာဝန်ယူမှုတွေကို လူတစ်ဦးချင်းစီရဲ့
ဘဝဖြတ်သန်းမှုကနေတစ်ဆင့် ထိထိမိမိ ဖော်ပြထားတဲ့ ဝတ္ထုတစ်အုပ်ပါ။