

25,000 Ks
ရုရှားစာရေးဆရာ Leo Tolstoy ၏ ကမ္ဘာကျော်ဂန္ထဝင်ဝတ္ထုတစ်ပုဒ်ဖြစ်တယ့် "Anna Karenina" ကို အခြေခံ၍ ဆရာမြသန်းတင့်က
မြန်မာမှုပြု ရေးသားထားသော အိမ်ထောင်ရေးရသဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။
အချစ်မပါသော အိမ်ထောင်ရေးကို ဖြတ်သန်းနေသည့် မမ တစ်ယောက် တက္ကသိုလ်ကထိက ကိုသက်ဆွေ နှင့် ဆုံတွေ့ရာမှ သူမ၏ ဘဝသည် မမျှော်လင့်ထားသော
အပြောင်းအလဲများနှင့် ရင်ဆိုင်လာရပါတယ်။ ထိုအခြေအနေများကြားတွင် ခင်ပွန်းဖြစ်သူ ဦးသက်ထွန်း နှင့် ဆက်ဆံရေး၊ ကိုယ်ပိုင်ခံစားချက်များအပေါ် ရွေးချယ်ဆုံးဖြတ်မှုများနှင့် အိမ်ထောင်ရေးအတွင်း ဖြစ်ပေါ်လာသော ပဋိပက္ခများကို ဖော်ပြထားပါတယ်။
လူ့စိတ်ခံစားမှုများ၏ ရှုပ်ထွေးမှု၊ အိမ်ထောင်ရေးအတွင်း ဖြစ်ပေါ်လာသော ပြဿနာများနှင့် ဘဝရွေးချယ်မှုများ၏ အကျိုးဆက်များအကြောင်း
တွေးတောစေမည့် ရသဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။