

10,000 Ks
အမေရိကန်စာပေလောက၏ ဂန္ထဝင်လက်ရာများထဲမှ တစ်အုပ်အဖြစ် အသိအမှတ်ပြုခံထားရသော
The Catcher in the Rye ကို ဆရာမြသန်းတင့်က မြန်မာဘာသာဖြင့် လက်ရာမြောက်စွာ ဘာသာပြန်ဆိုထားသော ဝတ္ထုဖြစ်ပါတယ်။
လူငယ်တစ်ဦး၏ စိတ်ရှုပ်ထွေးမှု၊ အထီးကျန်မှုနှင့် ဘဝအပေါ် ရှာဖွေမေးခွန်းထုတ်နေသည့် အတွေးများကို သဘာဝကျသော
ဇာတ်အိမ်ဖြင့် တင်ပြထားပြီး လူငယ်ဘဝ၏ စိတ်ခံစားချက်များကို နက်နက်ရှိုင်းရှိုင်း ထင်ဟပ်စေသည်။
ဖတ်ရှုရင်း လူသားတစ်ယောက်၏ အတွင်းစိတ်၊ ဘဝ၏တန်ဖိုးနှင့် လူမှုအသိုင်းအဝိုင်းအပေါ် အမြင်များကို ပြန်လည်ဆင်ခြင်နိုင်စေသလို
ဆရာမြသန်းတင့်၏ ချောမွေ့သော ဘာသာပြန်အရေးအသားကလည်း စာဖတ်ခြင်း၏ အရသာကို ပိုမိုပြည့်စုံစေမှာအမှန်ပါဘဲ။
ဂန္ထဝင်ဘာသာပြန်ဝတ္ထုများကို နှစ်သက်သူများ၊ လူငယ်ဘဝ၏ စိတ်ခံစားချက်များကို နက်ရှိုင်းစွာ ဖော်ပြထားသော စာပေလက်ရာများကို
ဖတ်ရှုလိုသူများအတွက် လက်မလွတ်သင့်သည့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။