

9,000 Ks
အတိတ်က စိတ်ဒဏ်ရာကိုယ်စီနဲ့ ရုန်းကန်နေရတဲ့ လူငယ်တွေရဲ့ အတွင်းစိတ်ခံစားချက်ကို
အလေးပေးပုံဖော်ထားတဲ့ ဝတ္ထုဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာ… စိတ်ကျရောဂါ (Depression) ခံစားနေရပြီး
အတိတ်ရဲ့အရိပ်တွေကြား ပိတ်မိနေတတ်တဲ့ အမျိုးသမီးငယ် ဝေဝေမွန် ၊
ငယ်စဉ်ကတည်းက သူမအပေါ် သံယောဇဉ်ရှိခဲ့တဲ့ ချစ်ဦးသူ သန့်ဘုန်းအောင် နဲ့
စိတ်အတက်အကျမြန်တဲ့ ရောဂါ (Mood swings) ရှိပြီး ရထားပေါ်မှာ မတော်တဆ ဆုံတွေ့ခဲ့တဲ့
ကောင်လေး ကိုထူး… တို့ ပါဝင်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ချည်နှောင်မှုမရှိဘဲ အမှောင်ထုထဲမှာ အလင်းပြချင်ရုံ
သက်သက်သာဖြစ်တဲ့ သူတို့ရဲ့ ရှုပ်ထွေးလှတဲ့ ဆက်ဆံရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အလှည့်အပြောင်းတွေကို
သဘာဝကျကျ ရေးဖွဲ့ထားတဲ့ စိတ်ခံစားမှု ရသဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။