%20Grammar%20Front%20Cover-400x560.jpg&w=1200&q=75)
%20Grammar%20Front%20Cover-400x560.jpg&w=1200&q=75)
20,000 Ks
ဒီစာအုပ်မှာ Grade 12 English Textbook ရဲ့ Unit အလိုက် Grammar များကို မှတ်စုမှတ်ရာများနဲ့တကွ ရှင်းပြထားပါတယ်။ လေ့ကျင့်ခန်းများကိုလည်း တစ်ပုဒ်ချင်း၊ Step by Step ဘာသာပြန်နဲ့တကွ ရှင်းပြထားပါတယ်။ Grammar တစ်မျိုးပြီးတိုင်း အဲဒီ Grammar နဲ့ပတ်သက်လို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မေးတဲ့ပုံစံအတိုင်း အပိုလေ့ကျင့်ခန်းများကို စီစဉ်ပေးထားပါတယ်။ အဖြေများလည်း သီးသန့် ဖြေပေးထားပါတယ်။ အဖြေ တစ်မျိုးရှိလျှင်တစ်မျိုး၊ နှစ်မျိုးဖြေလို့ရလျှင် နှစ်မျိုး စသည်ဖြင့် ဖြေပြပေးထားပါတယ်။ သားသားတို့၊ မီးမီးတို့ Grammar အမှတ်ပြည့် လိုချင်ရင် အမှန်တကယ် အားထားရမယ့် စာအုပ်အဖြစ် ပြုစုပေးထားတာပါ။ ဆရာ၊ ဆရာမတွေ လက်ကိုင်ထားနိုင်တဲ့ ရည်ညွှန်း စာအုပ်လည်းဖြစ်သလို ဖေဖေ၊ မေမေ၊ ဦးဦး၊ ဒေါ်ဒေါ်တွေက ကိုယ်တိုင် Guide ပေးချင်တယ်ဆိုရင်လည်း အင်မတန် သင့်လျော်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။